Thursday, August 14, 2008

သောကကို အနိုင်ယူ၊ စိတ်ချမ်းသာစေသောနည်းများ

၁။ ကိုယ်သိတဲ့အတိုင်းပဲ ဆက်လုပ်ပါ။ ခံစားတွေးတောမှုတွေကို မလိုက်လျောပါနဲ့။ တွေးတောပူပန် ကြောက်ရွံ့မှုမှန်
သမျှ မသေချာတာက များပါတယ်။ “ပင်ပန်းလိုက်တာ၊ လောကကြီးမှာ နေတောင်မနေချင်တော့ဘူး” လို့ ညည်း တတ်ကြပေမယ်။ ဒါထက်ပိုပြီးဘာမှဖြစ်မလာတာ မျက်မြင်လောကမှာ အများကြီးတွေ့ဖူးပါလိမ့်မယ်။
၂။ တွေးခေါ်မှုနဲ့ စဉ်းစားဆင်ခြင်မှုကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နေထိုင်ပါ။ ပစ္စုပ်ပန်မှာ ရိုးရိုးသားသား နေဖို့ ကြိုးစားပါ။ ကိုယ့်ဘ၀ကိုယ်နိုင်နင်းအောင် ဦးဆောင်လာနိုင်တာနဲ့ ပြဿနာတွေ၊ အခက်အခဲတွေ နောက်ဆုတ် သွားပါလိမ့်မယ်။
၃။ ကိုယ်စိတ်ကိုယ်ပြုပြင်ပြီး လူတိုင်းအပေါ် ချစ်ခင်နိုင်အောင် ကြိုးစားပါ။ သင့်မိသားစု၊ သင့်ပတ်ဝန်းကျင်၊ သင့်လုပ် ငန်းခွင်မှာ နွေးထွေးမှုနဲ့ မေတ္တာတရားများ လွှမ်းခြုံနေပါစေ။ ကိုယ့်အတွေးနဲ့ကိုယ် မြုပ်နှံမနေပါနဲ့။ တစ်ခြားသူတွေနဲ့ ရောရောနှောနှောနေပါ။
၎။ မခံမရပ်နိုင်တဲ့ ပြဿနာတွေကို ခေါင်းထဲက ထုတ်လိုက်ပါ။ ပျော်စရာလေးတွေတွေးပြီး တွေးနေစမ်းပါ။
၅။ လူမှုရေးမှာ လိုက်လျောညီထွေဆက်ဆံတတ်ပါစေ။ မိမိရဲ့ ထင်မြင်ချက်တွေနဲ့ မဆက်ဆံပါနဲ့။ ပြုံးရင်ပြုံတတ် တယ်လို့ပဲမှတ်ပြီး အပြုံးနဲ့တုံ့ပြန်ပါ။ ပြုံးတာကို လှောင်တယ်လို့ တလွဲမတွေးပါနဲ့။ သူ့ဘက်က ဘယ်လိုပဲဖြစ်ဖြစ်နေ နေ၊ ကိုယ့်ဘက်က ကောင်းတဲ့ဘက်ကတွေးပြီး ခံယူပါ။
၆။ ခံစားချက်တွေကို နေရာတကာဖွင့်အန်မပြပါနဲ့။ ဒီလိုဖွင့်ဟထုတ်ဖော်ခြင်းဟာ စိတ်သက်သာမှုရစေတယ်ဆို တဲ့ စိတ်ပညာရှင်တစ်ချို့ရဲ့ အယူအဆကို တစ်ယူသန်မလိုက်နာပါနဲ့။ တစ်ခါတစ်ရံ ပညာရှင်တွေရဲ့ အကြံပေး ချက်ဟာလည်း ကိုယ့်အတွက် လွဲချော်သွားတတ်ပါသေးတယ်။
၇။ ခံစားမှုမှန်သမျှကို အမြဲတမ်း မျိုသိပ်ရမယ်လို့ မဆိုလိုပါ။ ပြင်းထန်ပြီး မိမိကို ထိခိုက်စေမယ့် အန္တရာယ်ရှိတဲ့ ခံစားမှုမျိုးကိုသာ ပြုပြင်ဖို့ကြိုးစားပါ။ သာမန်အချိန်တွေမှာ သာမန်လူလိုပဲ ပျော်ရွှင်ပါ၊ ခံစားပါ။
၈။ ကိုယ့်ဘ၀ကို ကိုယ်တာဝန်ယူပါ။ ကောင်းကောင်းဆိုးဆိုး ဘယ်သူ့ကိုယ်မှ အပြစ်မတင်ပါနဲ့။ ကိုယ့်ဘ၀ရဲ့ ပဲ့ကိုင်ဟာ ကိုယ်ပဲဖြစ်တယ်လို့ ခံယူပါ။
၉။ လူ့အဖွဲ့အစည်းထဲက လူတစ်ယောက်အနေနဲ့ လူအများစုနဲ့ ကင်းကင်းရှင်းရှင်းကြီး မနေမိအောင် သတိထား ပါ။ ကိုယ့်မှာရှိတဲ့ ဒုက္ခမျိုး လူတိုင်းမှာလည်း ရှိနိုင်တယ်ဆိုတာ သဘောပေါက်ပါ။ ၀မ်းနည်း၊ ပူဆွေး၊ စိုးရိမ်၊ စိတ် ညစ် စတဲ့ ဒုက္ခတွေဟာ လူတိုင်းနဲ့ မကင်းဘူး မှတ်ထားပါ။
ဒုက္ခနဲ့ ခံစားမှုဆိုတာ လူတိုင်းမှာ ရှိနေတတ်ကြပြီး ဆင်းရဲချမ်းသာမရွေး အယုတ်အလတ်အမြတ်မရွေး တစ်ချိန်မှာ သူအတိုင်းအတာနဲ့သူ ခံစားရတတ်တာပဲ။ အဲဒီခံစားမှုတွေကို လူတိုင်းကျော်လွန်နိုင်သလို ကိုယ်တိုင်
လည်း ကျော်လွန်နိုင်တယ်လို့မှတ်ယူပါ။

Monday, August 4, 2008

သိပါရစေ

မင်းအသံကို ကြားတဲ့အခါ
ငါမှာ ပျော်ရွှင်ရသလို
မင်းကို မမြင်ရတဲ့အခါ
ငါမှာ ၀မ်းနည်းရတယ်
မင်းအရိပ်ကို မြင်တဲ့အခါ
ငါရဲ့ဝမ်းနည်းမှု ပြေပျောက်သွားခဲ့ရသလို
မင်းမျက်လုံးနဲ့ အကြည့်ချင်ဆုံမိတဲ့အခါ
မင်းအကြည့်က ငါကိုရှက်စေတယ်
မင်းနဲ့ မျက်နှာချင်းဆိုင်တွေ့တဲ့အခါ
မင်းက ငါကို သတ္တိရှိစေသလို
ဂရုမစိုက်တတ်တဲ့ မင်းအမူအရာကို မြင်တဲ့အခါ
ငါမှာ အထီးကျန်ဆန်သလိုခံစားရတယ်
အမှန်တကယ် သိပါရစေ
အဲ့ဒီခံစားမှုက ဘာလဲ
ဘာကြောင့် အဲ့ဒီလိုဖြစ်ရတာလဲ
ဘာကြောင့်လဲ

ဆောင်းနှင်းဖြူ