Friday, October 31, 2008

ဆုတောင်း


ဂရုမစိုက်တတ်မှန်း သိပေမယ်
လျစ်လျူမရှုဖို့ ပြောပါရစေ
မချစ်တတ်မှန်း သိပေမယ်
မမုန်းဖို့ ပြောပါရစေ
သတိမရတတ်မှန်း သိပေမယ်
မမေ့ဖို့ ပြောခဲ့ပါရစေ
အရာရာတိုင်းမှာ
နင်ဟာ ငါအတွက် မဟုတ်ရင်တောင်
နင်အတွက် ငါ ရှိနေခဲ့ပါရစေ
ငါရင်ထဲက စေတနာ
နင်မမြင်နိုင်မှန်း သိပေမယ်
ငါနှလုံးသားထဲက
ဝေဒနာ ကုစားပေးစေဖို့
ငါဆုတောင်းပါရစေ
မပြည့်တဲ့ ဆုတောင်းမှန်း သိပေမယ်.......လည်း
မျှော်လင့်လျက်

ဆောင်းနှင်းဖြူ I

Saturday, October 25, 2008

အချစ်နှင့်မာန


အချစ်ဆိုတာ
အလှဆုံးဆိုသော ပန်းတွေထက် ပိုလှပြီး
နေမင်းကြီးထက်လည်း ပိုပူတယ်
သမုဒ္ဒရာကြီးလောက် နက်ရှိုင်းပြီး
လမင်းကြီးလို့ အေးမြတယ်
လေပြည်လေညင်းလို့ ရှက်ရွံ့စေပြီး
ဝါဂွမ်းကဲ့သို့ နူးညံစေတယ်
ကျေက်သံပတ္တမြားကဲ့သို့ တန်ဖိုးကြီးမားပြီး
လေပြင်းမုန်တိုင်ကဲ့သို့ ခက်ထန်တယ်
လူသားနှစ်ဦးရဲ့ နှလုံးသားချင်း
နှောင်းဖွဲ့ထားတဲ့ ကြိုးလို့
အချစ်ကို အဲ့ဒီလို့ဆိုကြတယ်
ငါအတွက် အချစ်ဆိုတာ
ဘာကြောင့် အဓိပ္ပာယ်ဖွင့်မရတာလဲ
ငါလေ မင်းကို ဘယ်လောက်ချစ်ချစ်
ငါအတွက် အရှက်နှင့် မာနသာ ကိုးကွယ်ရာမို့
အချစ်နှင့်မာန နှစ်ခုတည်းက
တစ်ခုပဲ ရွေးချယ်ရမယ်ဆိုရင်
မင်းကို မချစ်ရလို့
ငါနှလုံးသားကွဲအက်
သွေးစိမ်းရှင်ရှင်ကျခဲ့ပါစေ
မာနကိုပဲ ရွေးချယ်မယ် ''.............''

ဆောင်းနှင်းဖြူ

Friday, October 17, 2008

မင်းသဘော

မင်းသာခေါ်ရင်
မင်းလက်ကိုစွဲ
အခက်အခဲတွေ
ကျော်ဖြတ်လို့
နှစ်ဦးအတူ
လျှောက်လှမ်းမှာပေါ့
မင်းသာထားခဲ့ရင်
မင်းလက်ကို ဖြုတ်
ဝေးရာရှောင်ပုန်း
တိတ်တိတ်လေးပဲ
လွမ်းနေမှာပေါ့
မင်းသွားမယ်လမ်း
အဖော်မလိုဘူးဆိုရင်
မင်းသဘောကျ
လျှောက်လှမ်းနိုင်ပါတယ်
မင်းသာစိန်ခေါ်ခဲ့ရင်
မာနခြင်းယှဉ်
တစ်ပွဲတစ်လှမ်း
နွှဲ့လိုက်တာပေါ့
နောက်ဆုံးတောလည်း
မင်းနဲ့ငါ
လောကကြီးက
ထွက်ခွာရမှာပါပဲ

ဆောင်းနှင်းဖြူ