Friday, October 17, 2008

မင်းသဘော

မင်းသာခေါ်ရင်
မင်းလက်ကိုစွဲ
အခက်အခဲတွေ
ကျော်ဖြတ်လို့
နှစ်ဦးအတူ
လျှောက်လှမ်းမှာပေါ့
မင်းသာထားခဲ့ရင်
မင်းလက်ကို ဖြုတ်
ဝေးရာရှောင်ပုန်း
တိတ်တိတ်လေးပဲ
လွမ်းနေမှာပေါ့
မင်းသွားမယ်လမ်း
အဖော်မလိုဘူးဆိုရင်
မင်းသဘောကျ
လျှောက်လှမ်းနိုင်ပါတယ်
မင်းသာစိန်ခေါ်ခဲ့ရင်
မာနခြင်းယှဉ်
တစ်ပွဲတစ်လှမ်း
နွှဲ့လိုက်တာပေါ့
နောက်ဆုံးတောလည်း
မင်းနဲ့ငါ
လောကကြီးက
ထွက်ခွာရမှာပါပဲ

ဆောင်းနှင်းဖြူ

2 comments:

Anonymous said...

အေး
ဒါကို သူဖတ်မိရင်တော့
ကောင်းမယ်နော်
ဒါမှမဟုတ်ငါပြောပေးမယ်လေ

juujuu said...

ငါလည်းကူပြောမေးမယ်လေရှမ်းကောင်လေးကို
ပြောပေးရမလား။ မညာနဲ့နော် အညာရဘူးသိလားသူငယ်ချင်း