မင်းသာခေါ်ရင်
မင်းလက်ကိုစွဲ
အခက်အခဲတွေ
ကျော်ဖြတ်လို့
နှစ်ဦးအတူ
လျှောက်လှမ်းမှာပေါ့
မင်းသာထားခဲ့ရင်
မင်းလက်ကို ဖြုတ်
ဝေးရာရှောင်ပုန်း
တိတ်တိတ်လေးပဲ
လွမ်းနေမှာပေါ့
မင်းသွားမယ်လမ်း
အဖော်မလိုဘူးဆိုရင်
မင်းသဘောကျ
လျှောက်လှမ်းနိုင်ပါတယ်
မင်းသာစိန်ခေါ်ခဲ့ရင်
မာနခြင်းယှဉ်
တစ်ပွဲတစ်လှမ်း
နွှဲ့လိုက်တာပေါ့
နောက်ဆုံးတောလည်း
မင်းနဲ့ငါ
လောကကြီးက
ထွက်ခွာရမှာပါပဲ
ဆောင်းနှင်းဖြူ
Friday, October 17, 2008
Subscribe to:
Post Comments (Atom)
2 comments:
အေး
ဒါကို သူဖတ်မိရင်တော့
ကောင်းမယ်နော်
ဒါမှမဟုတ်ငါပြောပေးမယ်လေ
ငါလည်းကူပြောမေးမယ်လေရှမ်းကောင်လေးကို
ပြောပေးရမလား။ မညာနဲ့နော် အညာရဘူးသိလားသူငယ်ချင်း
Post a Comment