Friday, October 31, 2008

ဆုတောင်း


ဂရုမစိုက်တတ်မှန်း သိပေမယ်
လျစ်လျူမရှုဖို့ ပြောပါရစေ
မချစ်တတ်မှန်း သိပေမယ်
မမုန်းဖို့ ပြောပါရစေ
သတိမရတတ်မှန်း သိပေမယ်
မမေ့ဖို့ ပြောခဲ့ပါရစေ
အရာရာတိုင်းမှာ
နင်ဟာ ငါအတွက် မဟုတ်ရင်တောင်
နင်အတွက် ငါ ရှိနေခဲ့ပါရစေ
ငါရင်ထဲက စေတနာ
နင်မမြင်နိုင်မှန်း သိပေမယ်
ငါနှလုံးသားထဲက
ဝေဒနာ ကုစားပေးစေဖို့
ငါဆုတောင်းပါရစေ
မပြည့်တဲ့ ဆုတောင်းမှန်း သိပေမယ်.......လည်း
မျှော်လင့်လျက်

ဆောင်းနှင်းဖြူ I

1 comment:

Anonymous said...

ကျေးဇူးညီမလေး
ပိုစ့်တွေဖတ်သွားတယ်