Saturday, October 25, 2008

အချစ်နှင့်မာန


အချစ်ဆိုတာ
အလှဆုံးဆိုသော ပန်းတွေထက် ပိုလှပြီး
နေမင်းကြီးထက်လည်း ပိုပူတယ်
သမုဒ္ဒရာကြီးလောက် နက်ရှိုင်းပြီး
လမင်းကြီးလို့ အေးမြတယ်
လေပြည်လေညင်းလို့ ရှက်ရွံ့စေပြီး
ဝါဂွမ်းကဲ့သို့ နူးညံစေတယ်
ကျေက်သံပတ္တမြားကဲ့သို့ တန်ဖိုးကြီးမားပြီး
လေပြင်းမုန်တိုင်ကဲ့သို့ ခက်ထန်တယ်
လူသားနှစ်ဦးရဲ့ နှလုံးသားချင်း
နှောင်းဖွဲ့ထားတဲ့ ကြိုးလို့
အချစ်ကို အဲ့ဒီလို့ဆိုကြတယ်
ငါအတွက် အချစ်ဆိုတာ
ဘာကြောင့် အဓိပ္ပာယ်ဖွင့်မရတာလဲ
ငါလေ မင်းကို ဘယ်လောက်ချစ်ချစ်
ငါအတွက် အရှက်နှင့် မာနသာ ကိုးကွယ်ရာမို့
အချစ်နှင့်မာန နှစ်ခုတည်းက
တစ်ခုပဲ ရွေးချယ်ရမယ်ဆိုရင်
မင်းကို မချစ်ရလို့
ငါနှလုံးသားကွဲအက်
သွေးစိမ်းရှင်ရှင်ကျခဲ့ပါစေ
မာနကိုပဲ ရွေးချယ်မယ် ''.............''

ဆောင်းနှင်းဖြူ

1 comment:

juujuu said...

ငါလေ မင်းကို ဘယ်လောက်ချစ်ချစ်
ငါအတွက် အရှက်နှင့် မာနသာ ကိုးကွယ်ရာမို့
အချစ်နှင့်မာန နှစ်ခုတည်းက
တစ်ခုပဲ ရွေးချယ်ရမယ်ဆိုရင်
မင်းကို မချစ်ရလို့
ငါနှလုံးသားကွဲအက်
သွေးစိမ်းရှင်ရှင်ကျခဲ့ပါစေ
မာနကိုပဲ ရွေးချယ်မယ် ''.. အရမ်းကြိုက်တယ်အဲ့ဒီစာ သားလေကို .. ဟုတ်တယ်သူငယ်ချင်း ငါတို့မာနကိုပဲရွေး ချယ်ရအောင်... အချစ်ဆိုတာ အိမ်မက်ပမာပါပဲသူငယ်ချင်း ရယ် ကြာရင်မေ့သွားမှာပါ