Friday, May 23, 2008

၁။ လုပ်တိုင်းမဖြစ်စိတ်မညစ်နှင့်
ကိုယ်လုပ်တိုင်းသာဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။
၂။ ပြောတိုင်းမရ ဒေါမထနှင့်
ကိုယ်ပြောတိုင်းသာရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။
၃။ ကြံတိုင်းမမြောက် စိတ်မဖောက်နှင့်
ကြံတိုင်းသာပြီးမြောက်ပါက ဘယ်မှာအနတ္တရှိမည်နည်း။
၎။ ဆင်းရဲကြုံမှု မညည်းညူးနှင့်
ချမ်းသာချည်းသာကြုံနေပါက ဘယ်မှာဒုက္ခရှိမည်နည်း။
၅။ ပျက်စီးတိုင်းလျှင် မပူပင်နှင့်
မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာဒုက္ခရှိမည်နည်း။
၆။ အာရုံဟူသမျှ မတောင့်တနှင့်
အာရုံတိုင်းသာတောင့်တပါက ဘယ်မှာလောဘဆုံးမည်နည်း။
၇။ အရာရာမျိုးစိတ်မဆိုးနှင့်
နေရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာဒေါသဆုံးမည်နည်း။
၈။ သိဥာဏ်မလိုက် သင်မမိုက်နှင့်
သိဥာဏ်မရ မိုက်နေပါက ဘယ်မှာမောဟဆုံးမည်နည်း။
၉။ ဗုဒ်ဓတရား မေ့မထားနှင့်
ဆုံးမတိုင်းသာ ကျင့်ကြံပါက ဘယ်မှာ နိဗ်ဗာန်ဝေးမည်နည်း။

ူသူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်

၁။ အားပေးပါ။
ကျွန်ုပ်တို့အားလုံးဟာ အားပေးမှုကို လိုအပ်နေသူတွေပါပဲ။ အားငယ်နေတဲ့အချိန်မှာ သူငယ်ချင်းကောင်း တစ်ကောက်ရဲ့ အားပေးမှုအနည်းငယ်ရရှိနေရင်တောင်မှ အင်မတန်အားရှိပါတယ်။
၂။ ရိုးသားပါ။
မိတ်ဆွေစစ်မှန်ရင် ရိုးသားရမှာပါ။ စိတ်ချယုံကြည်မှုရှိမှ သူငယ်ချင်းကောင်းပီသတယ်လို့ ဆိုရမှာပါ။ အမှန် အတိုင်းကို ညင်ညင်သာသာလေးသာပြောပါ။ ကျွန်ုပ်တို့အားလုံးလိုချင်တာရိုးသားမှုပါ။
၃။ နားသာထောင်ပါ။
တစ်ခုခုကို ခံစားနေရပြီးဆိုရင် တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရမှ ရင်ထဲမှာ ပေါ့သွားမှာပါ။ သူငယ်ချင်း ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ့်သူငယ်ချင်းရဲ့ ရင်ဖွင့်စကားတွေကို နားထောင်ပေးပြီး နားလည်မှုရှိပေး ဖို့ လိုပါတယ်။
၎။ အကူအညီပေးပါ။
ကိုယ်ရဲ့သူငယ်ချင်း အမှန်တကယ် အကူအညီလိုအပ်နေတယ်အချိန်မှာ အကူအညီပေးပါက သူက သင့်ကို အရမ်းကျေးဇူးတင်နေမှာပါ။ အကူအညီလိုရင် ကူညီပေးမယ့်သူရှိနေတယ်ဆိုတဲ့ ခံစားမှုအသိလေးရှိရုံနဲ့တင် ကျွန်ုပ်တို့ဟာ ကျေနပ်ပျော်ရွှင်နေတတ်ကြပါတယ်။

Wednesday, May 21, 2008

မေ့မရ

သတိရ လွမ်းတဲ့စိတ်ကို မေ့ဖျောက်ဖို့ကြိုးစားစဉ်
ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော
မင်းပုံရိပ်မြင်နေတယ်
ကြယ်တွေကို ပြောင်းကြည့်ပြန်လည်း
မင်းအပြုံးမြင်လေတော
ငါ အလန့်တကြားနဲ့
မြေပြင်ကို ငုံ့ကြည့်လိုက်တော
`သတိရနေလား´တဲ့

လ၀န်းအိမ် (ဆောင်းနှင်းဖြူ)

လွမ်းနေသူ

မတွေ့တာကြာပေမယ်
သတိရနေတယ်
မမြင်တာကြာပေမယ်
မင်းရဲ့ပုံရိပ်က
အရိပ်လို့ထင်ဟပ်နေတယ်
ဝေးကွာတဲ့ရက်တွေ
ပြန်ပြောင်းလို့ရေတွက်ရင်
သတိရလွမ်းနေမိတယ်

လ၀န်းအိမ် (ဆောင်းနှင်းဖြူ)