Friday, May 23, 2008

၁။ လုပ်တိုင်းမဖြစ်စိတ်မညစ်နှင့်
ကိုယ်လုပ်တိုင်းသာဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။
၂။ ပြောတိုင်းမရ ဒေါမထနှင့်
ကိုယ်ပြောတိုင်းသာရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။
၃။ ကြံတိုင်းမမြောက် စိတ်မဖောက်နှင့်
ကြံတိုင်းသာပြီးမြောက်ပါက ဘယ်မှာအနတ္တရှိမည်နည်း။
၎။ ဆင်းရဲကြုံမှု မညည်းညူးနှင့်
ချမ်းသာချည်းသာကြုံနေပါက ဘယ်မှာဒုက္ခရှိမည်နည်း။
၅။ ပျက်စီးတိုင်းလျှင် မပူပင်နှင့်
မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာဒုက္ခရှိမည်နည်း။
၆။ အာရုံဟူသမျှ မတောင့်တနှင့်
အာရုံတိုင်းသာတောင့်တပါက ဘယ်မှာလောဘဆုံးမည်နည်း။
၇။ အရာရာမျိုးစိတ်မဆိုးနှင့်
နေရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာဒေါသဆုံးမည်နည်း။
၈။ သိဥာဏ်မလိုက် သင်မမိုက်နှင့်
သိဥာဏ်မရ မိုက်နေပါက ဘယ်မှာမောဟဆုံးမည်နည်း။
၉။ ဗုဒ်ဓတရား မေ့မထားနှင့်
ဆုံးမတိုင်းသာ ကျင့်ကြံပါက ဘယ်မှာ နိဗ်ဗာန်ဝေးမည်နည်း။

No comments: