Friday, May 23, 2008

ူသူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်

၁။ အားပေးပါ။
ကျွန်ုပ်တို့အားလုံးဟာ အားပေးမှုကို လိုအပ်နေသူတွေပါပဲ။ အားငယ်နေတဲ့အချိန်မှာ သူငယ်ချင်းကောင်း တစ်ကောက်ရဲ့ အားပေးမှုအနည်းငယ်ရရှိနေရင်တောင်မှ အင်မတန်အားရှိပါတယ်။
၂။ ရိုးသားပါ။
မိတ်ဆွေစစ်မှန်ရင် ရိုးသားရမှာပါ။ စိတ်ချယုံကြည်မှုရှိမှ သူငယ်ချင်းကောင်းပီသတယ်လို့ ဆိုရမှာပါ။ အမှန် အတိုင်းကို ညင်ညင်သာသာလေးသာပြောပါ။ ကျွန်ုပ်တို့အားလုံးလိုချင်တာရိုးသားမှုပါ။
၃။ နားသာထောင်ပါ။
တစ်ခုခုကို ခံစားနေရပြီးဆိုရင် တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရမှ ရင်ထဲမှာ ပေါ့သွားမှာပါ။ သူငယ်ချင်း ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ့်သူငယ်ချင်းရဲ့ ရင်ဖွင့်စကားတွေကို နားထောင်ပေးပြီး နားလည်မှုရှိပေး ဖို့ လိုပါတယ်။
၎။ အကူအညီပေးပါ။
ကိုယ်ရဲ့သူငယ်ချင်း အမှန်တကယ် အကူအညီလိုအပ်နေတယ်အချိန်မှာ အကူအညီပေးပါက သူက သင့်ကို အရမ်းကျေးဇူးတင်နေမှာပါ။ အကူအညီလိုရင် ကူညီပေးမယ့်သူရှိနေတယ်ဆိုတဲ့ ခံစားမှုအသိလေးရှိရုံနဲ့တင် ကျွန်ုပ်တို့ဟာ ကျေနပ်ပျော်ရွှင်နေတတ်ကြပါတယ်။

No comments: