Monday, August 4, 2008

သိပါရစေ

မင်းအသံကို ကြားတဲ့အခါ
ငါမှာ ပျော်ရွှင်ရသလို
မင်းကို မမြင်ရတဲ့အခါ
ငါမှာ ၀မ်းနည်းရတယ်
မင်းအရိပ်ကို မြင်တဲ့အခါ
ငါရဲ့ဝမ်းနည်းမှု ပြေပျောက်သွားခဲ့ရသလို
မင်းမျက်လုံးနဲ့ အကြည့်ချင်ဆုံမိတဲ့အခါ
မင်းအကြည့်က ငါကိုရှက်စေတယ်
မင်းနဲ့ မျက်နှာချင်းဆိုင်တွေ့တဲ့အခါ
မင်းက ငါကို သတ္တိရှိစေသလို
ဂရုမစိုက်တတ်တဲ့ မင်းအမူအရာကို မြင်တဲ့အခါ
ငါမှာ အထီးကျန်ဆန်သလိုခံစားရတယ်
အမှန်တကယ် သိပါရစေ
အဲ့ဒီခံစားမှုက ဘာလဲ
ဘာကြောင့် အဲ့ဒီလိုဖြစ်ရတာလဲ
ဘာကြောင့်လဲ

ဆောင်းနှင်းဖြူ

No comments: