Wednesday, July 15, 2009

အချစ်ဆိုတာ

အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ပြောကြရင်
မင်းအတွက် ပေးဆပ်ခဲ့တာ
ဘာတစ်ခုမှ မရှိခဲ့ဘူး။
အချစ်ဆိုတာ ရယူခြင်းလို့ ပြောပြန်တော့
မင်းကို ရယူဖို့လည်း
ငါတစ်ခါမှ မကြိုးစားခဲ့ဘူး။
မင်းရဲ့ဂရုစိုက်မှုကို
လိုချင်ခဲ့တာပဲရှိတယ်။
အချစ်ဆိုတာ စွန့်လွှတ်ခြင်းလို့ပြောတော့လည်း
မင်းကို စွန့်လွှတ်ဖို့
ငါတစ်ခါမှ စိတ်မကူးခဲ့ဘူး။
မင်းထားခဲ့ရင် နေခဲ့ဖို့ပဲ
စိတ်ကူးရှိတယ်။
ဒါပေမဲ့…………………….
ငါ့အနားက မင်းထွက်သွားတဲ့အချိန်မှာ
ငါတန်ဖိုးအထားဆုံး အရာတစ်ခု
ဆုံးရှုံးသွားတာထက် ပိုခံစားရတယ်။
ငါ့မှာ မင်းနဲ့ပတ်သက်လို့
မျက်ရည်မှတစ်ပါး
ပိုင်ဆိုင်ခဲ့တာ ဘာတစ်ခုမှမရှိခဲ့ဘူး။
ငါ့အတွက် မျှော်လင့်ချက်လေး
တစ်စုံတစ်ရာတောင်
မပေးခဲ့တဲ့ မင်းကို
အချိန်တိုင်းမဟုတ်ပေမယ့်
နေ့တိုင်းသတိရ၊ လွမ်းနေမိတယ်။ ။
ဆောင်းနှင်းဖြူ

No comments: